Community Facilitator – Nyaung Shwe

  • Location:
  • Salary:
    negotiable / YEAR
  • Job type:
    FULL_TIME
  • Posted:
    2 months ago
  • Category:
  • Deadline:
    24/07/2024

JOB DESCRIPTION

JOB DETAILS:

Save the Children Community Facilitator – Nyaung Shwe Myanmar SAVE THE CHILDREN Jobs 2024

Save the Children looking for “Community Facilitator – Nyaung Shwe”. Applicants with an Advanced degree may apply on or before 10-Jul-24.

The Save the Children has published a job vacancy announcement on 09-Jul-24 for qualified applicants to fill in the vacant post of Community Facilitator – Nyaung Shwe to be based in , Myanmar. For more jobs, please visit https://unjoblink.org

Company Name: Save the Children

Job Title: Community Facilitator – Nyaung Shwe

Duty Station: , Myanmar

Country: Myanmar

Application Deadline: 10-Jul-24

 

Responsibilities:

 

Advertisement

ရာထူးအမည် : လူထုဖွံ့ဖြိုးရေးဝန်ထမ်း(CF_Community Facilitator)
လုပ်ငန်းအဖွဲ့/အစီအစဉ်: ပညာရေးစီမံချက် လုပ်ငန်းတည်နေရာ
ရှမ်းပြည်နယ် တောင်ပိုင်း (ညောငျရှှေ)

လစ်လပ်ရာထူးအရေအတွက် : (၃)နေရာ
ရာထူးအဆင့် : NAT-6
စာချုပ်အမျိုးအစား : ကာလကန့့်သတ်ချက်ရှိ

ကလေးသူငယ်ဘေးကင်းလုံခြုံမှု :
အဆင့် ၃ : ဒေသဆိုင်ရာအစီအစဉ်များတွင် တာဝန်ထမ်းဆောင်ရန် (သို့မဟုတ်) အစီအစဉ်များ အကောင်အထည် ဖော်နေသည့် နေရာဒေသများသို့ သွားရောက်ရန် (သို့မဟုတ်) ကလေးသူငယ်များနှင့်/သို့မဟုတ် လူငယ်များဖြင့် ရံဖန်ရံခါသော်လည်းကောင်း၊ အထူးဂရုစိုက်စောင့်ရှောက်ရန်သော်လည်းကောင်း၊ မကြာခဏ {တစ်ပတ်လျှင် တစ်ကြိမ်နှင့် အထက် (သို့မဟုတ်) တစ်လလေးကြိမ်နှင့်အထက် (သို့မဟုတ်) ညအိပ်ညနေ အစီအစဉ်များ} ထိတွေ့ဆက်ဆံရပါသည့် ရာထူးနေရာဖြစ်ပါသည်။

ရာထူးတာဝန်ရည်ရွယ်ချက် : သတ်မှတ်ထားသောနယ်မြေ (မြို့နယ်)တွင် စီမံချက်လုပ်ငန်းများကို ထိရောက် အောင်မြင်စွာအကောင်ထည်ဖော်နိုင်ရန် စီမံချက်လက်ထောက်အား အကူအညီပေးရမည်။

တာဝန်ယူရသောပမာဏ :
အစီရင်ခံရမည့်သူ = စီမံချက်လက်ထောက်

တိုက်ရိုက်အစီရင်ပေးပို့မည့်သူ = ဌာနအတွင်းမရှိ ။

ငွေကြေးသုံးစွဲရန်ခွင့်ပြုခြင်း = ငွေကြေးသုံးစွဲရန်ခွင့်ပြုခွင့်မရှိပါ

ပြင်ပတွင်ကိုယ်စားပြုခြင်း = ပုံမှန်ထိတွေ့ဆက်ဆံမှုမလိုပါ


Advertisement


လိုအပ်သောအရည်အချင်း –
• အထက်တန်းကျောင်းအောင်မြင်သူ (သို့မဟုတ်) ညီမျှသည့်ပညာတတ်မြောက်သူဖြစ်ရမည်။
• ဖွံ့ဖြိုးရေး (သို့မဟုတ်) သက်ဆိုင်သောနယ်ပယ်တွင်ယခင်ကလုပ်ဆောင်ခဲ့ဖူးသည့် လုပ်ငန်းအတွေ့ အကြု ံရှိရမည်။
• ရပ်ရွာလူထုသက်ဝင်လှုပ်ရှားစေရေး လေ့ကျင့်သင်တန်းပေးသည့် အတွေ့အကြုံနှင့် ကျွမ်းကျင်မှု ရှိရမည်။
• အသင်းအဖွဲ့ဖြင့် လုပ်ဆောင်နိုင်သည့်အရည်အသွေးနှင့် ကောင်းမွန်သောပြောဆိုဆက်ဆံမှု စွမ်းရည်ရှိ ကြောင်း ပြသနိုင်သူဖြစ်ရမည်။
• ဆင်းရဲနွမ်းပါးသော ရပ်ရွာပြည်သူလူထု (အထူးသဖြင့်ကလေးများအတွက်) လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားပြီး တာဝန်ယူ လုပ်ဆောင်နိုင်သူဖြစ်ရမည်။
• ရပ်ရွာလူထုထံမှ လိုလားစွာ သင်ယူနိုင်သူဖြစ်ရမည်။
• ဝေးလံသောဒေသများတွင်နေထိုင်ပြီးခရီးသွားလာနိုင်ရမည်။ ဒေသဆိုင်ရာဘာသာစကားကို ပြောဆိုနိုင် သူ ဖြစ်ရမည်။
• Save the Children ၏ ဦးတည်ချက်များ၊ တန်ဖိုးများနှင့်မူဝါဒများကို နားလည်သဘောပေါက်ပြီး ကတိကဝတ်ပြု၍ လုပ်ငန်းများကို ဆောင်ရွက်နိုင်သူဖြစ်ရမည်။

အထွေထွေ
• အဖွဲ့အစည်းတွင်းမှလုပ်ဖော်ကိုင်ဖက်များနှင့်လက်တွဲလုပ်ကိုင်နိုင်ခြင်း၊ အလုပ်သဘောဆက်ဆံရေးကို
မြ င့်မားစေ၍ ကလေးသူငယ်များအတွက် ထူးကဲသောရလဒ်ကောင်းများ ပေးစွမ်းနိုင်ခြင်း
• SCI ၏ မျှော်မှန်းချက်များ၊ တန်ဖိုးများ နှင့် အခြေခံမူများကို သိရှိနားလည်ပြီး စွဲကိုင်ထားခြင်း
• SCI ၏ ကလေးသူငယ်ဘေးကင်းလုံခြုံစေရေးမူဝါဒ အပါအဝင် ကျန်းမားရေး၊ ဘေးကင်းလုံခြုံရေး၊ တန်းတူအခွင့်အရေးရရှိစေရေးနှင့်အခြားသက်ဆိုင်ရာမူဝါဒများအားလုံးကို လိုက်နာကျင့်သုံးလိုသည့်
စိတ်ဆန္ဒနှင်ကျင့်သုံးရန်အရည်အချင်းရှိခြင်း SCI ၏တန်ဖိုးထားမှုများကို အောက်တွင်ဖော်ပြထားပြီး လျှောက်ထားသူအား လုံးကို ယင်းတန်ဖိုးများအညီ လိုက်နာဆောင်ရွက်မည်ဟု မျှော်မှန်းထားပါသည်။
• SCI၏ဦးတည်ချက်များ၊တန်ဖိုးများနှင့်မူဝါဒများကိုနားလည်သဘောပေါက်ပြီးကတိကဝတ်ပြု၍ လုပ်ငန်းများကို ဆောင်ရွက်နိုင်သူဖြစ်ရမည်။

တာဝန်ခံနိုင်မှု

ကျွနု်ပ်တို့သည် အဖွဲ့ပိုင် အရင်းအမြစ်များကို အကျိုးရှိစွာသုံးစွဲရန်၊ တိုင်းတာ၍ရနိုင်သောရလဒ်များရရှိရန်နှင့် ထောက်ခံအားပေးသောသူများ၊ မိတ်ဖတ်များမပါအဝင် အရေးအကြီးဆုံးဖြစ်သည့် ကလေးများအပေါ် တာဝန်ခံရန်အတွက် ကိုယ်စီကိုယ်ငှ တာဝန်ယူပါသည်။

ရည်မှန်းတောင့်တချက်

ကျွနု်ပ်တို့သည် မိမိကိုယ်မိမိနှင့် လုပ်ဖော်ကိုင်ဖက်များတွင် မြင့်မားသည့် ရည်မှန်းချက်ပန်းတိုင်များ ထားရှိရန်နှင့် ကလေးများအတွက် လုပ်ကိုင်ဆောင်ရွက်သမျှ အရာရာတိုင်း အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းရှိရန် တောင်းဆိုသွားမည်။

လက်တွဲဆောင်ရွက်ခြင်း

ကျွနု်ပ်တို့သည် အချင်းချင်းလေးစားတန်ဖိုးထားသည်။ အမျိုးအမည်စုံလင်ကွဲပြားမှုဖြင့် တိုးတက် အောင်မြင်စေ၍ ကလေးများဘဝတွင် ထူးခြားပြောင်းလဲမှု ဖန်တီးပေးရာတွင် ကျွနု်ပ်တို့ူ၏ ကမ္ဘာလုံးဆိုင်ရာ အားအင်တိုးမြင့်စေရန် မိတ်ဖက်များနှင့်လက်တွဲဆောင်ရွက်သည်။

တီထွင်ကြံဆမှု

Advertisement

ကျွနု်ပ်တို့သည် ကလေးများအတွက် ရေရည်တည်တံ့သော အဖြေများ ဖော်ထုတ်ရန်အတွက် စိတ်ကူးသစ်များကို လက်ခံသည်။ အပြောင်းအလဲကို ကြိုဆိုသည်၊ စနစ်တကျပြင်ဆင်မှုဖြင့်စွန့်စား ဆောင်ရွက်သည်။

ဖြောင့်မတ်မှန်ကန်မှု
ကျွနု်ပ်တို့သည် မိမိ၏ရိုးသားဖြောင့်မတ်မူနှင့် အပြုအမူပိုင်းဆိုင်ရာတွင် အမြင့်မားဆုံးစံနူန်းများဖြင့် ကျင့်ကြံနေထိုင်မည်။ အဖွဲ့၏ ဂုဏ်သတင်း ဆုတ်ယုတ်စေရန် မည်သည့်အခါတွင်မျှ လုပ်ဆောင်မည် မဟုတ်ပါ။
ကျွန်ုပ်တို့အစဉ် လုပ်ကိုင်ဆောင်ရွက်သမျှသည် ကလေးများအတွက် အကောင်းဆုံး အကျိုးကျေးဇူး ဖြစ်စေရမည်။
သာတူညီမျှအခွင့်အရေးများရရှိခြင်း
ဤရာထူးတွင် တာဝန်ထမ်းဆောင်သောသူသည် SCI၏ သာတူညီမျှအခွင့်အရေးနှင့် မတူညီကွဲပြားမှုမူဝါဒများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်။

ကလေးသူငယ်များဘေးကင်းလုံခြုံစေခြင်း
ကျွနု်ပ်တို့သည် ကလေးသူငယ်များအား ဘေးကင်းလုံခြုံမှုပေးနိုင်ရန်အတွက် ဝန်ထမ်းများအား ရွေးချယ်သည့် လုပ်ငန်းများဆောင်ရွက်သည့်အခါ တိကျမှန်ကန်သည့် နောက်ကြောင်းရာဇာဝင်စစ်ဆေးမှုများကို ပြုလုပ်သွားပါမည်။
ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံစေရေး
ဤရာထူးတွင် တာဝန်ထမ်းဆောင်သောသူသည် SCI၏ ကျန်းမားရေးနှင့် ဘေးကင်းလုံခြုံစေရေး မူဝါဒများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်။

This job has expired.