Security Guard at Save the Children

  • Location:
  • Salary:
    negotiable / YEAR
  • Job type:
    FULL_TIME
  • Posted:
    2 months ago
  • Category:
  • Deadline:
    18/07/2024

JOB DESCRIPTION

JOB SUMMARY:

ရာထူးအမည္ : လုံခြုံရေးဝန်ထမ်း (Guard)

လုပ်ငန်းအဖွဲ့/အစီအစဉ်: SUPPORT လုပ်ငန်းတည်နေရာ: စစ်တွေစီမံချက်ဒေသရုံး

လစ်လပ်ရာထူးအရေအတွက် : ၂ ယောကျ

ရာထူးအဆင့် : NAT-7

စာချုပ်အမျိုးအစား : ကန့်သတ်ချက်ရှိ

ကလေးသူငယ်ဘေးကင်းလုံခြုံမှု :

အဆင့် ၃ : ဒေသဆိုင်ရာအစီအစဉ်များတွင် တာဝန်ထမ်းဆောင်ရန် (သို့မဟုတ်) အစီအစဉ်များ အကောင်အထည် ဖော်နေသည့် နေရာဒေသများသို့ သွားရောက်ရန် (သို့မဟုတ်) ကလေးသူငယ်များနှင့်/သို့မဟုတ် လူငယ်များဖြင့် ရံဖန်ရံခါသော်လည်းကောင်း၊ အထူးဂရုစိုက်စောင့်ရှောက်ရန်သော်လည်းကောင်း၊ မကြာခဏ {တစ်ပတ်လျှင် တစ်ကြိမ်နှင့် အထက် (သို့မဟုတ်) တစ်လလေးကြိမ်နှင့်အထက် (သို့မဟုတ်) ညအိပ်ညနေ အစီအစဉ်များ} ထိတွေ့ဆက်ဆံရသည့် ရာထူးနေရာဖြစ်ပါသည်။

ရာထူးတာဝန်ရည်ရွယ်ချက် : ရုံးဝန်း၊ ဝန်ထမ်းတည်းခိုဆောင်၊ ဂိုဒေါင် (သို့) အခြား Save the Children ပိုင်ဆိုင်မှုများအား ခိုးရန်၊ လုယက်ရန်၊ လက်နက်ကိုင် တိုက်ခိုက်ရန်နှင့်တရားမ၀င်ခြိမ်းခြောက်ရန် ဝင်ရောက် လာခြင်းအား လုံခြုံမှုရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ရန်။

တာ၀န္ယူရေသာပမာဏ :

အစီရင္ခံရမည့္သူ : ဘေးကင်းလုံခြုံရေးအရာရှိ

တိုက်ရိုက်အစီရင်ပေးပို့မည့်သူ : အကြုံးမ၀င်

ဘက်ဂျက်ကိုတာဝန်ယူရပါက အကြမ်းဖျဉ်းပမာဏကိုဖော်ပြပါ။

ငွေကြေးသုံးစွဲရန်ခွင့်ပြုခြင်း :

• ငွေကြေးသုံးစွဲရန်ခွင့်ပြုခွင့်မရှိပါ

ပြင်ပတွင်ကိုယ်စားပြုခြင်း : ပုံမှန်ထိတွေ့ဆက်ဆံမှုမလိုပါ

ပင်မတာဝန်များ

• ရုံးလုံခြုံရေးနှင့် ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ခြံဝန်း၊အခန်းတံခါးသော့များ၊ ဖောက်ထွင်းခိုးယူမှုကို ကာကွယ်သည့် ပစ္စည်းများ၊ ရုံးပတ်ဝန်းကျင် အခြေအနေများကို ပုံမှန်ကြည့်ရှု စစ်ဆေးခြင်း၊ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရမည်။

• ရုံးအ‌ဆောက်အဦအတွင်း ရေ၊ မီး စသည်တို့ကို ကောင်းမွန်စေရန် စစ်ဆေးပြီး လိုအပ်ချက်များ ရှိပါက မိမိအထက်အရာရှိအား သတင်းပို့တင်ပြရမည်။

• ရုံးအတွင်းသို့ ဧည့်သည် အဝင်/အထွက်များကို အချိန်နှင့်တကွ စနစ်တကျ စာရင်းပြုစုပြီး လုံခြုံရေးအရာရှိထံ သတင်းပို့ခွင့်ပြုချက်ရယူရန်။ လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ရပ်ရွာအဖွဲ့များ ထံသို့ အချိန်မှီဖြန့်ဝေပေးခြင်း။

• ရုံးဝန်းအတွင်းလုံခြုံရေးမီးများ၊ အခန်းမီးများ၊ မီးပလပ်ပေါက်များ၊ တံခါးမကြီးနှင့် အခန်းတံခါး များ၊ ပန်ကာများ၊ အဲယားကွန်းများနှင့် CCTV ကင်မရာများအား နေ့စဉ် စစ်ဆေးပြီး၊ ရုံးပိုင်ပစ္စည်းများ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းမှုများရှိပါက လုံခြုံရေး ဝန်ထမ်းကိုယ်တိုင် မိမိတတ်စွမ်း သလောက် ပြုပြင်ထိန်းသိမ်းပေးရမည်ဖြစ်ပြီး၊ ထူးခြားမှုရှိပါက အထက်အရာရှိထံ အချိန်မီသတင်းပို့ တင်ပြရမည်။

• မိမိရုံးပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းတောက်ပြောင်စေရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ထားရန်နှင့် ရုံးဝန်းအတွင်း သန့်ရှင်းရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ရမည်ဖြစ်ပြီး အမှိုက်များကို နေ့စဉ်စွန့်ပစ်ရမည်။

• ရုံးနှင့် ရုံးပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာအခြေအနေများ၊ ထူးခြားမှုများ၊ သတင်းအချက် အလက်များ ရှိပါက အချိန်မီအထက်အရာရှိထံ သတင်းပို့တင်ပြပေးရန်။

Advertisement

• Covid-19 ရောဂါကာလအတွင်း ဝန်ထမ်းများ၊ ပြင်ပဧည့်သည်များ၏ ရုံးအဝင်/ အထွက်များကို အချိန်နှင့်တကွ စနစ်တကျမှတ်သားထားရန်နှင့် Covid-19 ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ စနစ်တကျ စစ်ဆေးမှုများဆောင်ရွက်ပါမည်။

• မိမိတာဝန်ထမ်းဆောင်နေစဉ် ရေ၊ မီး စစ်ဆေးခြင်း၊ ရုံးအဆောက်အဦနှင့် ဂိုဒေါင်များ၏ လုံခြုံရေးအခြေအနေများအား လှည့်လည်စစ်ဆေးခြင်းနှင့် တစ်နေ့တာလုပ်ငန်းဆောင်ရွက်မှု Daily Duty Report မှတ်တမ်း စာအုပ်ထားရှိရမည်။

• ရုံးဝန်ထမ်းများ၏ မော်တော်ဆိုင်ကယ်များအား သတ်မှတ်နေရာများတွင် စနစ်တကျစီတန်း ထားခြင်း၊ ရုံးမြက်ခင်းအား နေ့စဉ်ရေလောင်းပေးခြင်း၊ မြက်ရိတ်ခြင်းနှင့် ရုံးတွင်း သစ်ပင်/ သစ်ခက် များအား ခုတ်ထွင်ရှင်းလင်းပေးခြင်း ပြုလုပ်ရမည်။

• တာဝန်ထမ်းဆောင်စဉ် ထူးခြားမှုတစ်ခုခုနှင့်ပတ်သက်၍ သတင်းပို့ဆောင်ရွက်ရန်နှင့် လိုအပ်ခဲ့ပါက ပထမအဆင့် လုံခြုံရေးအရာရှိထံ သတင်းပို့တင်ပြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် လုံခြုံရေးအရာရှိထံ ဆက်သွယ်၍ မရခဲ့ပါက စီမံရေးရာအရာရှိထံ ဆက်လက်သတင်းပို့ တင်ပြပေးရမည်။

• မိမိတာဝန်ထမ်းဆောင်ပြီးတိုင်း တာဝန်အပြောင်းအလဲကို မှတ်ပုံတင်စာအုပ်ဖြင့် စနစ်တကျ လွှဲပြောင်းပေးရန်နှင့် အထက်အရာရှိစစ်ဆေး၍ တစ်စုံတစ်ရာ လိုအပ်မှုများ ပေါ်ပေါက်ခဲ့ပါက လက်ရှိ တာဝန် ထမ်းဆောင်သူနှင့်သာသက်ဆိုင်ပါမည်။

• လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်စေရန်နှင့် အခြားလုံခြုံရေးလုပ်ငန်းများ လိုအပ်ပါက အချိန်မရွေးလိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။

• Save the Children အဖွဲ့မှထုတ်ပြန်ထားသော Child Safeguarding Policy နှင့် အခြား ဥပဒေစည်းကမ်းများကို မပျက်မကွက် လေးစားလိုက်နာရမည်။

• လုံခြုံရေးဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ လုပ်ငန်းများအပေါ် စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းများ အပေါ် စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်းမှချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို တန်ဖိုးထားလိုက်နာဆောင်ရွက်ခြင်း စသည့်အချက်များကို လေးလေးနက်နက် လိုက်နာဆောင်ရွက်ရပါမည်။

လိုအပ်သောအရည်အချင်း –

ကျွမ်းကျင်မှုများ နှင့် အတွေ့အကြုံ :

• အနည်းဆုံးလုပ်သက် ၁ နှစ်အထက်ရှိရမည်။ (သို့) အထွေထွေ အနည်းဆုံးလုပ်သက် ၁ နှစ်အထက်ရှိ ရမည်။

• အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူဖြစ်ရမည်။

• ဘာသာစကားကိုကောင်းမွန်စွာပြောဆိုနိုင်ပြီး၊ စာရေးတတ်၊ ဖတ်တတ်ရမည်။

• အလုပ်ချိန်အတွင်း အသောက်အစား ကင်းရှင်းရမည်။

• အထက်အရာရှိနှင့် ဝန်ထမ်းများအား ရိုသေလေးစားစွာ ပြောဆိုဆက်ဆံတတ်သူဖြစ်ပြီး၊ လုပ်ငန်းတာဝန်များကို တိတိကျကျထမ်း‌ဆောင်ရမည်။

• မည်သည့်အချိန်မဆို လိုအပ်ပါက တာဝန်ထမ်းဆောင်နိုင်ရမည်။

• Save the Children ရုံးမှ ချမှတ်ထားသော စည်းကမ်း၊ ဥပဒေများကို အထူးလိုက်နာပြီး မိမိအလုပ် တာဝန်ကျေပွန်သူဖြစ်ရမည်။

ပညာေရး :

• အနည်းဆုံး အခြေခံပညာမူလတန်းအဆင့် အောင်မြင်သူဖြစ်ရမည်။

အေထြေထြ

• အဖွဲ့အစည်းတွင်းမှလုပ်ဖော်ကိုင်ဖက်များနှင့်လက်တွဲလုပ်ကိုင်နိုင်ခြင်း၊ အလုပ်သဘောဆက်ဆံရေးကိုမြင့်မားစေ၍ ကလေးသူငယ်များအတွက် ထူးကဲသောရလဒ်ကောင်းများ ပေးစွမ်းနိုင်ခြင်း

Advertisement

• SCI ၏ မျှော်မှန်းချက်များ၊ တန်ဖိုးများ နှင့် အခြေခံမူများကို သိရှိနားလည်ပြီး စွဲကိုင်ထားခြင်း

• SCI ၏ ကလေးသူငယ်ဘေးကင်းလုံခြုံစေရေးမူဝါဒ အပါအ၀င် ကျန်းမားရေး၊ ဘေးကင်းလုံခြုံရေး၊ တန်းတူအခွင့်အရေးရရှိစေရေးနှင့် အခြားသက်ဆိုင်ရာမူဝါဒများအားလုံးကို လိုက်နာကျင့်သုံးလိုသည့်စိတ်ဆန္ဒနှင့်ကျင့်သုံးရန်အရည်အချင်းရှိခြင်း

SCI ၏တန်ဖိုးထားမှုများကို အောက်တွင်ဖော်ပြထားပြီး လျှောက်ထားသူအားလုံးကို ယင်းတန်ဖိုးများအညီ လိုက်နာဆောင်ရွက်မည်ဟု မျှော်မှန်းထားပါသည်။

တာဝန်ခံနိုင်မှု

ကျွန်ုပ်တို့သည် အဖွဲ့ပိုင် အရင်းအမြစ်များကို အကျိုးရှိစွာသုံးစွဲရန်၊ တိုင်းတာ၍ရနိုင်သောရလဒ်များရရှိရန်နှင့် ထောက်ခံအားပေးသောသူများ၊ မိတ်ဖတ်များမပါအ၀င် အရေးအကြီးဆုံးဖြစ်သည့် ကလေးများအပေါ် တာဝန်ခံရန်အတွက် ကိုယ်စီကိုယ်ငှ တာဝန်ယူပါသည်။

ရည်မှန်းတောင့်တချက်

ကျွန်ုပ်တို့သည် မိမိကိုယ်မိမိနှင့် လုပ်ဖော်ကိုင်ဖက်များတွင် မြင့်မားသည့် ရည်မှန်းချက်ပန်းတိုင်များ ထားရှိရန်နှင့် ကလေးများအတွက် လုပ်ကိုင်ဆောင်ရွက်သမျှ အရာရာတိုင်း အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းရှိရန် တောင်းဆိုသွားမည်။

လက်တွဲဆောင်ရွက်ခြင်း

ကျွန်ုပ်တို့သည် အချင်းချင်းလေးစားတန်ဖိုးထားသည်။ အမျိုးအမည်စုံလင်ကွဲပြားမှုဖြင့် တိုးတက် အောင်မြင်စေ၍ ကလေးများဘ၀တွင် ထူးခြားပြောင်းလဲမှု ဖန်တီးပေးရာတွင် ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ အားအင်တိုးမြင့်စေရန် မိတ်ဖက်များနှင့်လက်တွဲဆောင်ရွက်သည်။

တီထွင်ကြံဆမှု

ကျွန်ုပ်တို့သည် ကလေးများအတွက် ရေရည်တည်တံ့သော အဖြေများ ဖော်ထုတ်ရန်အတွက် စိတ်ကူးသစ်များကို လက်ခံသည်။ အပြောင်းအလဲကို ကြိုဆိုသည်၊ စနစ်တကျပြင်ဆင်မှုဖြင့် စွန့်စား ဆောင်ရွက်သည်။

ဖြောင့်မတ်မှန်ကန်မှု

ကျွန်ုပ်တို့သည် မိမိ၏ရိုးသားဖြောင့်မတ်မူနှင့် အပြုအမူပိုင်းဆိုင်ရာတွင် အမြင့်မားဆုံးစံနူန်းများဖြင့် ကျင့်ကြံနေထိုင်မည်။ အဖွဲ့၏ ဂုဏ်သတင်း ဆုတ်ယုတ်စေရန် မည်သည့်အခါတွင်မျှ လုပ်ဆောင်မည် မဟုတ်ပါ။

ကျွန်ုပ်တို့အစဉ် လုပ်ကိုင်ဆောင်ရွက်သမျှသည် ကလေးများအတွက် အကောင်းဆုံး အကျိုးကျေးဇူး ဖြစ်စေရမည်။

သာတူညီမျှအခွင့်အရေးများရရှိခြင်း

ဤရာထူးတွင် တာဝန်ထမ်းဆောင်သောသူသည် SCI၏ သာတူညီမျှအခွင့်အရေးနှင့် မတူညီကွဲပြားမှုမူဝါဒများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်။

ကလေးသူငယ်များဘေးကင်းလုံခြုံစေခြင်း

ကျွန်ုပ်တို့သည် ကလေးသူငယ်များအား ဘေးကင်းလုံခြုံမှုပေးနိုင်ရန်အတွက် ၀န်ထမ်းများအား ရွေးချယ်သည့် လုပ်ငန်းများဆောင်ရွက်သည့်အခါ တိကျမှန်ကန်သည့် နောက်ကြောင်းရာဇာဝင်စစ်ဆေးမှုများကို ပြုလုပ်သွားပါမည်။

ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံစေရေး

ဤရာထူးတွင် တာဝန်ထမ်းဆောင်သောသူသည် SCI၏ ကျန်းမားရေးနှင့် ဘေးကင်းလုံခြုံစေရေး မူဝါဒများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်။

ABSTRACT:

Save the Children Security Guard Myanmar Save the Children Jobs 2024

Advertisement

Save the Children looking for “Security Guard”. Applicants with an Advanced degree may apply on or before 18-Jul-24.

The Save the Children has published a job vacancy announcement on 12-Jul-24 for qualified applicants to fill in the vacant post of Security Guard to be based in , Myanmar. For more jobs, please visit https://unjoblink.org

Company Name: Save the Children

Job Title: Security Guard

Duty Station: , Myanmar

Country: Myanmar

Application Deadline: 18-Jul-24

This job has expired.